Introduction to Expository Sermon

 



Introduction to Expository Sermon

==========================

Homiletics တရားဟောခြင်းအနုပညာတွင် အခြေခံအားဖြင့်

၁။ Topical Sermon ခေါင်းစဉ်ကို အခြေပြု၍တရားဟောကြားခြင်း

ဥပမာ။

ခေါင်းစဉ်။ ။ ဘုရားသသခင်ကို သိကျွမ်းခြင်း။

၁။ ဘုရားသခင်ကိုသိကျွမ်းခြင်းဖြင့် ကယ်တင်ခြင်း နှင့် စပ်ဆိုင်သော ဉာဏ်ပညာ ကိုရရှိစေ (၂ တိ ၃:၁၅)

၂။ ဘုရားသခင်ကိုသိကျွမ်းခြင်းဖြင့် သန့်ရှင်းသော အသက်တာ၌ အသက်ရှင်စေ ( ဆာလံ ၁၁၉: ၁၁)

၃။ ဘုရားသခင်ကိုသိကျွမ်းခြင်းဖြင့် ဝိညာဉ်ရေးရာ တိုးတက်စေ ( ၁ ပေ ၂:၂)

၄။ ဘုရားသခင်ကိုသိကျွမ်းခြင်းဖြင့် အောင်မြင်သော အသက်တာ၌ အသက်ရှင်စေ (ယောရှု ၁:၇-၈)

၂။ Textual Sermon

-ကျမ်းပိုဒ် ၂-၃ ပိုဒ်သာရွေးချယ်ပြီး ထိုကျမ်းပိုဒ်ရှိ မူရင်းဝေါဟာရ​၏ စကားလုံးတခုစီ နှင့် စာစုကို သဒ္ဒါ ကျကျ ၊ နှိုက်နှိုက်ချွတ်ချွတ် ပညာ

ရှင်ဆန်ဆန် အသေးစိတ် အထူးပြု ရှင်းလင်းဟောကြားခြင်း။ (အဟောအနည်းဆုံး တရားဟောနည်းဖြစ်သည်)

ဥပမာ။

ကျမ်းချက်။ ။ ဆာလံ ၁:၁-၂

ခေါင်းစဉ်။ ။ ကောင်းကြီး ရှိသော အသက်တာ

၁။ မတရားသူကို ရှောင်ကြည်သူ (ဆာလံ ၁:၁)

၂။ တရားတော် ၌ မွေ့လျော်သူ (ဆာလံ ၁:၂)

၃။ Expository Sermon

-Expository တရားဟောနည်းဆိုသည်မှာ တရားဟောဆရာမှ နှုတ်ကပတ်တော်မှ မိမိဟောကြားမည့် ကျမ်းစုကို မှန်ကန်စွာ၊ ရှင်းလင်းစွာနှင့် ပြည့်စုံစွာ ဟောကြားခြင်းဖြစ်သည်။ တရားဟောဆရာမှ နှုတ်ကပတ်တော်အားဖြင့် ဘုရားသခင် သင်ကြားလိုသော ကျမ်း​၏ အနက်အဓိပယ်ကို ရှင်းလင်းစွာနားလည်ပြီး ထိုနှုတ်ကပတ်တော်မှ ဘုရားသခင် သင်ကြားသောအရာကို မှန်ကန်စွာ နားလည် ကာ အနက်ပြန်ဟောကြားခြင်းဖြစ်သည်။

-အကျယ်တဝင့်ဆိုသော် Expository sermon ဆိုသည်မှာ သမ္မာကျမ်းစာရှိ အကြောင်းအရာတခု သို့ တူညီသော အကြောင်းအရာကိုသင်ကြားသော ကျမ်းတစု ကိုရွေးချယ်ပြီး ထိုရွေးချယ်ထားသော ကျမ်းပိုဒ်ကို တရားဟောမည့်သူသည် အကြိမ်ကြိမ်ဖတ်ရှုပြီး ရွေးချယ်ထားသောကျမ်း​၏ အဓိက အနှစ်ချုပ် (Central Idea or Theme) ကိုဗဟိုပြုဟောပြောခြင်းဖြစ်သည်။

-ထိုရွေးချယ်ထားသော ကျမ်းစုမှ ပင် Central Idea ကို တရားနာသူများ ရှင်းလင်းရန် နှင့် သာ၍နားလည်စေရန် ခေါင်းစဉ်ငယ် (Out Line) ကို ရွေးချယ်ရမည်ဖြစ်သည်။ ထို Out Line တခုခြင်းစီသည် Central Idea နှင့်ဆက်ဆပ်မှုရှိပြီး Central Idea ကိုနားလည်စေရန် အထောက်အပံ့ပေးရမည်ဖြစ်သည်။ Out Line ကျမ်းညွှန်းများကို အခြားကျမ်းစုထဲမှရွေးချယ်၍ ဖြည့်စွက်ခြင်းမပြုရသကဲ့သို့ နှုတ်ပယ်ခွင့်မရှိပေ။

Central Idea ( ဗဟို အနှစ်ချုပ်)

-Expository Sermon ဟောကြားရာတွင် ဗဟိုအနှစ်ချုပ်သည် အရေးကြီးဆုံးဖြစ်သည်။ Sermon တစ်ခုလုံးကို ရွေးချယ်ထားသော ကျမ်းစု​၏ ဗဟိုအနှစ်ချုပ် ကိုအခြေခံဟောကြားရသော ဟောကြားနည်းဖြစ်သောကြောင့် ဗဟိုအနှစ်ချုပ်ရွေးချယ်မှုမှားယွင်းပါက တရားဟောချက် တခုလုံး​၏ ထိရောက်မှု ကို များစွာထိခိုက်စေမည်ဖြစ်သည်။

ထို့ကြောင့် ရွေးချယ်ထားသည့် ဗဟိုအနှစ်ချုပ် မှန်ကန်စေရန်

၁။ နာရီပေါင်းများစွာ ဆုတောင်းပြင်ဆင်ခြင်း

၂။ စေ့စေ့မြေ့မြေ့ ဖတ်ရှုခြင်းအပြင်

၃။ ရွေးချယ်ထားသော ကျမ်း​၏ နောက်ခံသမိုင်း၊ အရေးကြီးသည့် စကားလုံးများ၊ စာစုများ ​၏အဓိပါယ်၊ ကျမ်းရေးသူ​၏ ဆိုလိုရင်းကိုသိရန် (Study) လေ့လာရန်လည်း လိုအပ်သည်။

ထိုအချက် ၃ ချက်ကို လုပ်ဆောင်ပါက လွယ်ကူစွာပင် ရွေးချယ်ထားသော ကျမ်း​၏ ဗဟို အနှစ်ချုပ်ကို တွေ့ရှိမည်ဖြစ်သည်။

-ကျမ်းပိုဒ်ရွေးချယ်ခြင်း

ကျမ်းပိုဒ်ရွေးချယ်ရာတွင် ဆက်စပ်လျက်ရှိသော အကြောင်းအရာတခုလုံးကို ရွေးချယ် ရခြင်းဖြစ်သောကြောင်​့ အနည်းဆုံး ကျမ်းပိုဒ် ၄ ပိုဒ်မှ တခန်းလုံး ထိဖြစ်နိုင်သည်။

ခေါင်းစဉ်ငယ် (Out Line) Main and Division များ ရွေးချယ်ခြင်း

Main Division and Subdivision (ခေါင်းစဉ်ငယ်) များကို လဲ ရွေးချယ်ထားသည့် ကျမ်းမှ ထုတ်နှုတ်ရမည်ဖြစ်သည်။ ထိုခေါင်းစဉ်ငယ်များသည် Central Idea (ဗဟိုအနှစ်ချုပ်) နှင့် ဆက်ပ်မှုရှိရမည်ဖြစ်ပြီး Central Idea ကို ထောက်ပံ့ပေးရမည်ဖြစ်သည်။

-Topical sermon ခေါင်းစဉ် ကို အခြေပြုဟောပြောသော တရားဟောခြင်းမျိုးကဲ့သို့ ကျမ်းပိုဒ်များကို မိမိနှစ်သက်ရာ ကျမ်းမှဆွဲယူ၍မရပေ။

Exposed ဆိုသည့်စကားလုံး နှင့်အညီ ရွေးချယ်ထားသည့်ကျမ်းအတွင်းမှ ခေါင်းစဉ်ငယ် Out Line များကို ရွေးချယ်ရမည်ဖြစ်သည်။

တရားဟောချက်ပြင်ဆင်ခြင်းနှင့် ခေါင်းစဉ်ငယ်များ ပြင်ဆင်ရာတွင် ဗဟိုအချက် Central Idea ကို အမြဲသတိထားပြီး ခေါင်းစဉ်ငယ် Out Line များသည် ထိုဗဟိုချက် Central Idea ကို ရှင်းလင်းစွာ နားလည်သဘာပေါက်စေရန် ဆက်စပ် ထောက်ပံ့ပေးရမည်ဖြစ်သည်။

ထို ရွေးချယ်ထားသော Out Line ခေါင်းစဉ်ငယ်များအားရှင်းလင်းရာတွင် အချက် တချက်ခြင်းစီအတွက် လိုအပ်ပါက အရေးကြီးသည့်စကားလုံးများ၊ စာစုများကို သမိုင်းအထောက်အထား၊ သဒ္ဒါကျကျ၊ ရှင်းလင်းရမည်ဖြစ်သည်။

မှတ်ချက်။ ။ရှင်းလင်းချက်များ တရားနာပရိသတ်များ သာ၍လွယ်ကူစွာ နားလည်စေရန် သမ္မာကျမ်းစာထဲရှိပုံဥပမာများ၊ ကျမ်းညွှန်းများ၊ လူပုဂ္ဂိုလ်များ​၏ အတ္ထုပတ္တိများ နှင့် မိမိဘဝအတွေ့အကြုံများ ထည့်သွင်းဝေငှနိုင်သည်။

-Expository Sermon တည်ဆောက်ပုံ

က။ ခေါင်းစဉ် Central Idea

ခ။ နိဒါန်း/ တရားဟောမည့်အချက်များ အတိုချုံ့ ပြောကြားခြင်း/ ရွေးချယ်သောကျမ်း စာအုပ် သို့ကျမ်းစု​၏ ​၏ နောက်ခံသမိုင်း ကို အကျဉ်းချုပ် ရှင်းလင်းခြင်း

ဂ။ Out Line (ခေါင်းစဉ်ငယ်)

၁။ Main Division (နံပါတ် ၁ အချက်)

- Sub Division

- Sub Division

- Sub Division

၂။ Main Division ( နံပါတ် ၂ အချက်)

- Sub Division

- Sub Division

- Sub Division

၃။ Main Division (နံပါတ် ၃ အချက်)

- Sub Division

- Sub Division

- Sub Division

-(Main Division အားလုံးကို ရွေးချယ်ထားသော ကျမ်းမှ ကောက်နှုတ်ပြီး ထို အချက်များသည် ဗဟိုလ် အချက် Central Idea ကို ထောက်ပံ့ ဆက်စပ်ပေးရမည်ဖြစ်သည်)

ဃ။ Conclusion နိဂုံး သို့ Application (လက်တွေ့လိုက်လျှောက်ကျင့်သုံးရမည့် အရာများ

ဥပမာ (၁)

ရွေးချယ်သောကျမ်းစု ဆာလံ ၂၃:၁-၆

ခေါင်းစဉ် (Central Idea): ကောင်းသော သိုးထိန်း နှင့် သူ​၏ သိုးများ

Out Line (ခေါင်းစဉ်ငယ်များ)

၁။ ကောင်းသောသိုးထိန်း၏ စရိုက်လက္ခဏာများ (Main Division ခေါင်းစဉ်ငယ် ၁)

- နေရာတိုင်းတွင် တည်ရှိခြင်း (ဆာလံ ၁:၁) Sub Division

- တဦးချင်းကို ကြည့်ရှုစောင့်မခြင်း (ဆာလံ ၁:၁) Sub Division

၂။ သိုးများကို ထောက်ပံ့ပေး

- အနားယူခွင့်ပေး ဆာလံ ၂၃:၂

- လမ်းပြပေး ဆာလံ ၂၃:၃

- နှစ်သိမ့်ပေး ဆာလံ ၂၃: ၄

- ကျေနပ် ရောင့်ရဲမှုကိုပေး ဆာလံ ၂၃:၅

၃။ အနာဂါတ် အတွက် မျှော်လင့်ချက်ကိုပေး

- ယခုဘဝအတွက် မျှော်လင့်ခြင်းကိုပေး (ဆာလံ ၂၃:၆)

- နောင်ဘဝအတွက် မျှော်လင့်ခြင်းကိုပေး (ဆာလံ ၂၃:၆)

နိဂုံး

ဥပမာ (၂)

ရွေးချယ်သောကျမ်း/ ရှင်ယောဟန်ခရစ်ဝင် ၁၁:၁-၆, ၁၉-၄၄

ခေါင်းစဉ်-

Central Idea (ဗဟိုအနှစ်ချုပ်)

ယေရှုခရစ်သည် ကျွနုပ်တို့​၏ အကောင်းဆုံးမိတ်ဆွေ ဖြစ်သည်

Out Line ခေါင်းစဉ်ငယ်

၁။ Main Division ယေရှုသည် မေတ္တာနှင့်ပြည့်ဝသော မိတ်ဆွေစစ်ဖြစ်သည်။

- တဦးချင်းစီကို ဂရုစိုက်ပြီး ချစ်တော်မူသည်။ ယော ၁၁:၃,

- ကျွန်ုပ်တို့အား ချစ်သော်လဲ တခါတရံ ဒုက္ခဆင်းရဲကို တွေ့ကြုံရင်ဆိုင် ခွင့်ပေးသည်။ ယော ၁၁:၃

၂။ ယေရှုသည် ကျွနုပ်တို့​၏ ခံစားချက်များကို ခံစားနားလည်ပေးသူဖြစ်သည်။ ယော ၁၁: ၂၁-၃၆

- ကျွနုပ်တို့ ခံစားရသော အနာကျင်ဆုံး အရာများကိုပင် နားလည်သူဖြစ်သည်။ ယော ၁၁: ၂၁-၂၆,၃၂

- ကျွနှုပ်တို့ ခံစားရခက်ဆုံး ၊ နက်ရှိုင်းလှသော နာကျင်မှုများကို ထပ်တူ စာနာ ပေးသူဖြစ်သည်။ ယော ၁၁: ၃၃-၃၆

၃။ ယေရှုသည် တန်ခိုး နှင့်ပြည့်စုံသော မိတ်ဆွေ ဖြစ်သည်။ ရှင်ယောဟန် ၁၁: ၃၄-၄၄

- နိမိတ်လက္ခဏာ ပြုနိုင်သူ ယော ၁၁:၃၇

- အလိုတော်နှင့်အညီ နိမိတ်လက္ခဏာကို ပြုသူ ယော ၁၁: ၃၈-၄၄

နိဂုံး

ဥပမာ ၂ ကိုကြည့်မည်ဆိုပါက ယော ၁၁:၁-၆, ၁၉-၄၄ ကိုရွေးချယ်ပြီး ယော ၁၁:၇-၁၈ အကြောင်းအရာ နှင့် တိုက်ရိုက် ဆက်စပ်မှု မရှိသော အပိုဒ်ငယ်များ ကို ချန်ထားသည်ကို တွေ့ရမည်ဖြစ်သည်။

နိဂုံး

လက်ရှိမြန်မာပြည်သသနာ တွင် စာရေးသူအနေဖြင့် အများ ဆုံး ၈၅% ကြားရသော ဒေသနာ ဝေငှချက်သည် ခေါင်းစဉ်ကို အခြေပြု ဟောကြားသောTopical Sermon ဒေသနာများဖြစ်သည်။

-အထက်ပါ ဒေသနာ ဟောကြားခြင်း နည်းစနစ် ၃ မျိုး လုံးကို မိမိရွေးချယ်သော ကျမ်း ဟောကြားမည့် ပရိတ်သတ် အပေါ် မူတည်ပြီး အသုံးပြုဟောကြားပါက ကျွနှုပ်တို့​၏ ဒေသနာ သည်သာ၍ထိရောက်လာမည်ဖြစ်သည်။

Expository တရားဟောနည်း​၏ အဓိကအားသာချက်မှာ မိမိ​၏ စိတ်ကူး ကို အခြေခံခြင်း၊ ပေါင်း ထည့်ခြင်းဖြင့် ဟောကြားခြင်းမဟုတ်ပဲ ရွေးချယ်ထားသော ကျမ်းပိုဒ်ကို လုံးလုံးအခြေပြု၍ ထိုကျမ်းမှ ခေါင်းစဉ်ရွေးချယ်ခြင်း၊ ခေါင်းစဉ်ကို သာ၍ရှင်းလင်းစွာ နားလည်ရန် ရွေးချယ်ထားသောကျမ်းပိုဒ်မှ ခေါင်းစဉ်ငယ်များ (Main Division, Sub Division) ထုတ်နှုတ် ရွေးချယ်ခြင်း၊ လိုအပ်သော စကားလုံး၊ စာစု နှင့်သမိုင်း ကို ရှင်းလင်း ပြီး ခေတ်ကာလနှင့်အညီ မည်သို့ လိုက်လျှောက်ရမည်ကို ရှင်းလင်းသော တရားဟောနည်းစနစ်ဖြစ်သောကြောင့် ပညာရှင်များမှ အကောင်းဆုံးသော အမှား အကင်းနိုင်ဆုံးသော သမ္မာတရားကျသော တရားဟောနည်းဟု သတ်မှတ်လက်ခံကြသည်။

-အချုပ်အားဖြင့်ဆိုရလျှင် Expository တရားဟောနည်းသည် ကျမ်းစာမှပြောသော အရာကို စေ့စေ့မြေ့မြေ့ ဖတ်ရှုလေ့လာပြီး ပြန်လည်ရှင်းလင်းသော တရားဟောချက်ဖြစ်သောကြောင့် ဟောကြားသူအနေဖြင့် အမှားမရှိသလောက် အမှားကင်းမည်ဖြစ်ပြီး ဓမ္မအမှုတော်ဆောင်များ အနေဖြင့် လေ့လာပြီး တွင်ကျယ်စွာ ဟောကြားသင့်ပါသည်ဟု စာရေးသူအနေဖြင့် အလေးအနက် တိုက်တွန်းလိုပါသည်။

မှတ်ချက်။ ။ စာရေးသူအနေဖြင့် စာရှည်မည်စိုး၍ Expository Series Sermons, Biography Sermons, Narrative Sermons, Parable Sermons များကို ဥပမာပေးရန်အခက်အခဲ ရှိပြီး ယခုဆောင်းပါးတွင် ဖော်ပြမပေးနိုင်သည့်အတွက် အနူးအညွတ်တောင်းပန်အပ်ပါသည်။ နောက်နောင်တွင်အလျင်းသင့်သလို ဖော်ပြပေးသွားပါမည်။

Pastor Kham Khai

(The_Shine Team)

ကိုးကား 

James Braga, How to Prepare Bible Message, (Portland: Multnomah Press: 1976) 3-36.

Pastor Tim: Expository Sermon

Spelling Edited: Khaw Khaw

 

Comments

Popular posts from this blog

ခရစ်ယာန်သမိုင်းမှ အသုံးပြုခဲ့တဲ့ ငါးသင်္ကေတ

🗞️အပိုင်း(၃)။ ဘာကြောင့် Apocrypha ဟူသည့် ကျမ်းပယ်များကို Protestant များက ထုတ်ပယ်လက်မခံကြ သနည်း။🗞️

ကျမ်းပယ်ဆိုတာဘာလဲ။ (အပိုင်း (၁)) // What is the APOCRYPHA?