π—™π—Άπ—»π—Άπ˜€π—΅π—Άπ—»π—΄ π—ͺ𝗲𝗹𝗹 (π—œπ—» π— π—Άπ—»π—Άπ˜€π˜π—Ώπ˜†)


 

π—™π—Άπ—»π—Άπ˜€π—΅π—Άπ—»π—΄ π—ͺ𝗲𝗹𝗹 (π—œπ—» π— π—Άπ—»π—Άπ˜€π˜π—Ώπ˜†)

ခရစ်α€šာα€”်α€‘α€žα€€်တာ ခရစ်α€šာα€”်α€žာα€žα€”ာဆိုတာ α€‘α€žα€€်α€›ှင်α€žα€›ွေ့ ထဆုံးα€™ဲ့ α€œျှောα€€်α€œှα€™်းα€›α€™α€Š့် α€œα€™်းခရီးတစ်ခုα€–ြα€…်α€žα€Š်။

ခရစ်α€šာα€”်α€žာα€žα€”ာတွင် ခရစ်တော်​၏ α€α€•α€Š့်တော်α€”ှင့် တမန်တော်α€™ျား α€€ဲ့α€žို့ ထစပြုα€€ောင်းခဲ့ပြီး ထခက်ထခဲ၊ α€Šှင်းပန်းα€”ှိပ်α€…α€€်ခြင်း၊ α€‘α€žေα€žα€်ခြင်း ခံα€›α€žα€Š့်တိုင် ထဆုံးတိုင်ထောင် α€žα€…္α€…ာα€›ှိα€…ွာ ပန်းဝင်α€žူα€™ျားα€›ှိα€žα€€ဲ့α€žို့

ထစပြုα€€ောင်းခဲ့ပြီး ထဆုံးတိုင်ထောင်α€™α€α€Š်α€€ြα€Š် α€”ိုင်α€žα€Š့် α€šုံα€€ြα€Š်α€žူ α€”ှင့် ထမှုတော်ဆောင်α€™ျားα€…ွာα€›ှိα€žα€Š်α€€ို α€žα€™္α€™ာα€€ျα€™်းα€…ာ၌၎င်း α€€ျွα€”ှုပ်တို့ ပတ်ဝန်းα€€ျင်၌၎င်းတွေ့α€›ှိα€›α€™α€Š်α€–ြα€…်α€žα€Š်။

α€₯ပမာထားα€–ြင့် α€›ှောα€œα€™ုα€”်မင်းα€€ြီး​၏ α€˜α€α€‘α€…α€žα€Š် α€˜ုα€›ားα€žα€α€„်α€€ိုα€€ိုးα€…ားခြင်း၊ α€€ြောα€€်α€›ွံ့ခြင်းα€–ြင့်ထစပြုခဲ့α€žα€Š်။ (၃ ဓမ္α€™ ၃:၃)

α€žို့α€žော်α€œα€Š်း ဝမ်းα€”α€Š်းα€…ွာပင် ထဆုံး၌ ထာα€α€›α€˜ုα€›ား α€€ိုပင် α€…ွα€”့်ခွါα€žွားα€€ာ ထခြားα€˜ုα€›ားα€™ျားထားα€€ိုးα€€ွα€š်ပြီး α€šုတ်α€Šံ့α€…ွာα€˜α€α€‘α€†ုံးα€žα€်α€žွားခဲ့α€žα€Š်။ (၃ဓမ္α€™ ၁၁:၄-၆)

α€šုံα€€ြα€Š်α€žူဓမ္မထမှုတော်ဆောင်α€™ျား ထနေα€–ြင့် α€˜ုα€›ားα€žα€α€„့်ထံα€™ှα€œာα€žော α€€ြီးα€™ားα€žော α€›ူပါα€›ုံ ( Mega Church α€™ျား α€α€Š်ထောင်ခြင်း၊ α€‘α€žα€„်းတော် α€›ာပေါင်းα€™ျားα€…ွာ ထူထောင်ခြင်း၊ α€α€•α€Š့်တော်α€™ျားα€…ွာα€™ွေးထုတ်ခြင်း) α€”ှင့်α€…α€žα€Š့်α€›ူပါα€›ုံα€™ျားα€›ှိα€›α€”် α€œိုထပ်α€žα€œို ထို့ထက်ထရေးα€€ြီး α€žα€Š်α€™ှာ α€˜α€α€ွင်α€€ြုံတွေ့α€›α€žော α€…ုံα€…α€™်းα€…α€…်α€€ြောခြင်း၊ α€…ုံα€…α€™်းα€”ှောα€€်α€›ှα€€်ခြင်းα€™ျားα€€ို α€€ျော်α€œွှားα€€ာ

တခါတရံ α€œဲα€€ျα€…ေα€€ာα€™ူ ပြα€”်α€œα€Š်α€›ုα€”်းထပြီး α€˜ုα€›ားပေးထားα€žော တာဝန်α€€ို ထဆုံးတိုင်ထောင် α€€ျေပွα€”်α€…ွာဆောင်α€›ွα€€်ပြီးပန်းဝင်α€›α€”် ထရေးα€€ြီးဆုံးα€–ြα€…်α€žα€Š်။

α€…α€…်တမ်းထရ ဓမ္မထမှုတော်ဆောင် ၁၀၀ တွင် ၇၀% α€žα€Š် α€šုတ်α€Šံ့α€…ွာ ထဆုံးα€žα€်ခဲ့α€€ြပြီး ၃၀% α€žာ တမန်တော်α€™ျားα€€ဲ့α€žို့ ထမှုတော်α€™ြတ်တွင် ထဆုံးတိုင်ထောင်α€žα€…္α€…ာα€›ှိခဲ့α€€ြα€žα€Š်။

α€žα€„်α€”ှင့်α€€ျွα€”်ုပ်ထို ၃၀% တွင်ပါဝင်α€›α€”် ထင်မတန်α€™ှထရေးα€€ြီးပါα€žα€Š်။

ဓမ္မထမှုတော်ဆောင်α€€ြီးα€™ျား ခေါင်းဆောင်α€€ြီးα€™ျား α€žာα€žα€”ာတွင် α€€ောင်းα€™ွα€”်α€…ွာ ထဆုံးα€™α€žα€် α€”ိုင်ခြင်း​၏ ထခြေခံထကြောင်းတရား α€”ှα€…်ရပ်α€™ှာ α€œောα€€ီထရာα€™ျားα€€ိုα€…ွဲα€œα€”်းခြင်း α€”ှင့် ဝိα€Šာဉ်α€›ေးα€›ာတိုးတက်α€™ှုရပ်တန့်α€žွားခြင်းα€€ြောင့်α€–ြα€…်α€žα€Š်။

ထိုα€žို့ရပ်တန့်ခြင်း α€™ှα€–ြα€…်ပေါ်α€œာα€žော α€€ျα€›ှုံးခြင်းα€žα€Š် α€›ုတ်တရက်α€–ြα€…်ပေါ်α€œာခြင်းα€™α€Ÿုတ်ပဲ ခြေα€α€œှα€™်းခြင်း α€˜ုα€›ားα€žα€α€„်α€”ှင့်ဝေးα€€ွာခြင်းα€™ှ ထစပြုခဲ့α€žα€Š်။

ဓမ္မထမှုတော်ဆောင်α€€ြီးα€™ျား ခေါင်းဆောင်α€€ြီးα€™ျား ထား α€žာα€žα€”ာတွင် α€šုတ်α€Šံ့α€…ွာα€€ျဆုံးα€›α€žα€Š့် ထချα€€် α€€ြီး ၄ ချα€€်α€™ှာ

၁။ ငွေα€€ြေး တပ်α€™α€€်ခြင်း

၂။ α€€ာမဂုဏ်တပ်α€™α€€်ခြင်း

၃။ α€›ာထူးထာဏာ α€™α€€်α€™ောခြင်း α€”ှင့်

၄။ α€™ာα€”်α€™ာα€” ထောင်α€œွှားခြင်းတို့ α€€ြောင့်α€–ြα€…်α€žα€Š်။

ထိုထကြောင်းတရားα€€ိုα€–ြα€…်ပေါ်α€…ေα€žော ကင်ဆာα€€ဲ့α€žို့ ထတွင်းα€žα€˜ော၌ α€œှိုα€€်α€…ားပျα€€်α€…ီးα€…ေα€žောထရာα€™ျားα€™ှာ

🚩၁။ Mental Stagnation ( α€žα€„်α€šူα€œေ့α€œာα€™ှု ရပ်တန့်α€žွားခြင်း။ α€žα€„်α€šူα€œိုα€…ိတ်α€€ုα€”်ဆုံးα€žွားခြင်း α€žို့ ငြီးငွေ့α€žွားခြင်း။

α€–ြα€…်​α€–ူး​α€žော​ထ​α€›ာ​α€žα€Š် α€–ြα€…်​α€œ​တ္တံ့​α€žော​ထ​α€›ာ​α€”ှင့် တူ၏။ α€š​ခု​ပြု​α€žော​ထ​α€™ှု​α€žα€Š် ပြု​α€œ​တ္တံ့​α€žော​ထ​α€™ှု​α€”ှ​င့်​တူ၏။ α€”ေ​ထောα€€်​α€™ှာ ထ​α€žα€…်​α€žော​ထ​α€™ှု​ထ​α€›ာ​α€™​α€›ှိ။” α€’ေα€žα€”ာα€€ျα€™်း။ 1:9 JBMLE

ထိုα€žို့α€™α€–ြα€…်α€…ေα€›α€”် α€˜ုα€›ားα€žα€α€„်​၏ α€”ှုတ်ကပါတ်တော်α€€ို α€”ေ့တိုင်း ဖတ်α€›ှု၊ ဆင်ခြင်၊ α€”ှα€œုံးα€žွင်း α€œိုα€€်α€œျှောα€€် α€›α€”်α€œိုထပ်α€žα€Š်။ α€šောα€›ှု ၁:၇-၉

πŸš©α‚။ ထကျင့်α€…ာα€›ိတ္တနှင့် α€žာα€žα€”ာထပေါ် ထားα€›ှိα€žα€Š့် ခံα€šူချα€€် α€œျော့α€›ဲα€œာခြင်း။

α€›ှော​α€œ​α€™ုα€”်​α€žα€Š် ထ​α€žα€€်​α€€ြီး​α€žော​ထ​ခါ၊ α€™ိα€”်း​α€™​α€™ျား​တို့​α€žα€Š် α€…ိတ်​α€”ှ​α€œုံး​တော်​α€€ို ထ​ခြား​တစ်​ပါး​α€žော α€˜ု​α€›ား​α€”ောα€€်​α€žို့​α€œွဲ​α€…ေ​α€ž​α€–ြင့်၊ α€…ိတ်​α€”ှ​α€œုံး​တော်​α€žα€Š် ခ​α€™α€Š်း​တော်​α€’ါ​ဝိα€’်၏​α€…ိတ်​α€”ှ​α€œုံး​α€€ဲ့​α€žို့ α€™ိ​α€™ိ​α€˜ု​α€›ား​α€ž​ခင် ထာ​ဝ​α€›​α€˜ု​α€›ား​α€›ှေ့​တော်၌ α€…ုံ​α€œα€„်​ခြင်း​α€™​α€›ှိ။” ဓမ္α€™α€›ာဇဝင်တတိα€šα€…ောင်။ 11:4 JBMLE

ခံα€šူချα€€်α€”ှင့်α€…ာα€›ိတ္တ α€œျော့α€›ဲα€œာα€žောထခါ ထမှုတော်၌တာဝန်α€‘α€›α€žာα€œုပ်ဆောင်တော့α€žα€Š်။ တရားα€Ÿောခြင်း၊ α€€ျα€™်းα€…ာα€žα€„်တန်းပေးခြင်းα€™ျားတွင် α€‘α€žα€…်α€žော α€˜ုα€›ားα€‘α€žံတော် α€€ြား၍ α€…ီးဆင်းα€žော α€–ွင့်ပြα€žα€„်α€€ြားချα€€်α€™ျား α€™α€›ှိတော့ပေ။ တချိα€”်α€€ တရားα€Ÿောချα€€်α€™ျား α€”ှင်​့ α€™ိα€™ိထားα€žα€”်α€›ာα€€ိုα€žာ α€œှα€Š့်ပါတ်α€Ÿောပြောα€žα€„်α€€ြားပေးတော့α€žα€Š်။

ထိုα€žို့α€žောခေါင်းဆောင်α€™ျားထတွα€€် ထကျင့်α€…ာα€›ိတ္တ α€”ှင့် ခံα€šူချα€€် ပြα€”်α€œα€Š် ခိုင်ခံ့α€œာα€›α€”် α€’ါဝိα€’်ထား ပရောα€–α€€်α€”ာα€žα€”်α€™ှ ထင်α€›ှားα€…ွာ ပြုပြင်ပေးα€žα€Š့် ထတိုင်းပြုပြင်ပေးα€™α€Š့် ဆရာα€žα€™ားα€žို့ α€žူα€„α€š်ချင်းα€€ောင်းα€™ျားα€™α€›ှိα€™α€–ြα€…်α€œိုထပ်α€žα€Š်။

πŸš©αƒ။ Influence and Legacy Neglect ( ခေါင်းဆောင်တစ်α€šောα€€်​၏ α€œွှα€™်းα€™ိုးα€™ှုα€”ှင့် ထမွေထနှα€…်α€™ျားα€€ို α€œျα€…်α€œျှူα€›ှုခြင်း)

α€›ှေး​α€–ြα€…်​α€–ူး​α€žော​ထ​α€™ှု​ထ​α€›ာ​တို့​α€€ို α€™ေ့​α€œျော့​တတ်၏။ α€”ောα€€်​α€–ြα€…်​α€œ​တ္တံ့​α€žော ထ​α€™ှု​ထ​α€›ာ​တို့​α€€ို​α€œα€Š်း၊ ထို​ထ​α€™ှု​ထ​α€›ာ​α€”ောα€€်၌ α€–ြα€…်​α€œ​တ္တံ့​α€žော​α€žူ​တို့​α€žα€Š် α€™ေ့​α€œျော့​α€€ြ​α€œိα€™့်​α€™α€Š်။”

α€’ေα€žα€”ာα€€ျα€™်း။ 1:11 JBMLE

α€šα€ု ထခြေထနေတွင် α€™ိα€™ိα€œα€€်ထောα€€်α€›ှိ ခေါင်းဆောင်α€”ှင့် α€žိုးတော်α€…ုα€™ျားα€€ို α€œျα€…်α€œျှူα€›ှုပြီး α€‘α€žα€„်းတော် α€”ှင့်α€žာα€žα€”ာထတွα€€် α€”ောင်α€–ြα€…်α€œာα€™α€Š့် α€…ိα€”်ခေါ်α€™ှုα€™ျားα€€ို α€…ိတ်ဝင်α€…ားα€™ှုα€™α€›ှိတော့ပေ။

ထိုα€žို့ရင်ဆိုင်α€”ေရပါα€€ α€˜ုα€›ားα€žα€α€„်α€›ှေ့တွင် α€”ှိα€™့်ချα€…ွာα€–ြင်​့ ဆုတောင်းα€€ာα€žာα€žα€”ာထပေါ် ဆက်ကပ်α€™ှု ပြα€”်α€œα€Š် α€žα€…်α€œွင်α€…ေα€›α€”် တောင်းခံα€›α€™α€Š်α€–ြα€…်α€žα€Š်။ α€œိုထပ်ပါα€€α€žူα€„α€š်ချင်းα€™ျား ထခြားα€™ိα€™ိα€œေးα€…ား ထားα€€ိုးα€›α€žα€Š့် ဆရာα€žα€™ားα€™ျားထားရင်α€–ွင့်တိုင်ပင် ဆွေးα€”ွေးခြင်းထားα€–ြင့် α€žာα€žα€”ာထပေါ် ပြα€”်α€œα€Š်α€œα€”်းဆန်းတက်α€€ြွα€œာα€™α€Š်α€–ြα€…်α€žα€Š်။

πŸš©α„။ α€˜ုα€›ားα€žα€α€„်α€”ှင့်ရင်းα€”ှီးα€€ျွα€™်းဝင်α€™ှု ပြတ်တောα€€်α€žွားခြင်း။ Loss of Intimacy with God

ထ​ခြား​တစ်​ပါး​α€žော α€˜ု​α€›ား​α€”ောα€€်​α€žို့ α€™​α€œိုα€€်​α€›​α€™α€Š်​ထ​α€€ြောင်း ပ​α€Šα€်​တော်​α€™ူ​α€žော​α€˜ု​α€›ား၊ α€”ှα€…်​α€€ြိα€™် ထင်​α€›ှား​တော်​α€™ူ​α€žော α€£​α€ž​α€›ေ​α€œ​ထ​α€™ျိုး၏ α€˜ု​α€›ား​α€ž​ခင်​ထာ​ဝ​α€›​α€˜ု​α€›ား​ထံ​တော်​α€™ှ၊ α€›ှော​α€œ​α€™ုα€”်​α€žα€Š် α€…ိတ်​α€”ှ​α€œုံး​α€œွှဲ​α€žွား.........”

ဓမ္α€™α€›ာဇဝင် တတိα€šα€…ောင်။ 11:9-10 JBMLE

α€˜ုα€›ားα€žα€α€„် α€”ှင့်ရင်းα€”ှီးα€€ျွα€™်းဝင်ခြင်းα€€ို ပြတ်တောα€€်α€…ေα€™α€Š့် ထနှောα€€်α€‘α€šှα€€် α€™ျားα€€ို ထခွင့်ထရေးမပေးα€žα€„့်ပေ။ α€˜ုα€›ားα€žα€α€„်α€žα€Š် α€€ျွα€”်ုပ်တို့α€œα€™်းα€™ှားα€žα€Š့်ထခါ α€”α€Š်းα€œα€™်းα€™ျိုးα€…ုံα€–ြင့် α€”ောင်တရရန်α€…α€€ားပြောα€œေ့α€›ှိα€žα€Š်။ ထို့α€€ြောင့်α€˜ုα€›ားα€žα€α€„်α€”ှင့်α€™ိတ်α€žα€Ÿာရပြုခြင်း α€™α€›ှိတော့ခြင်းα€žα€Š် α€€ျဆုံးခြင်း​၏ထစမူα€œα€‘α€™ြα€…်α€–ြα€…်α€žα€Š်။

ထိုထခြေခံထကြောင်းတရားα€™ျားα€€ြောင့် ဓမ္မထမှုတော်ဆောင်ခေါင်းဆောင် α€™ျားα€…ွာ α€œောα€€​၏ ထုပ်α€…ိုးα€™ှု၌ α€”α€…်α€™ွα€”်းပြီး α€€ောင်းα€™ွα€”်α€…ွာပန်းမဝင်α€”ိုင်ခဲ့α€€ြပေ။

α€…ာα€›ေးα€žူထနေα€–ြင့် ထမှုတော်ဆောင်တပါးα€–ြα€…်α€žα€œို

ထမှုတော်ဆောင် ဆရာ α€œူα€€ြီးα€œူα€„α€š်α€™ျားα€…ွာ α€”ှင့် ထိတွေ့ဆက်ဆံခွင့်α€›α€›ှိခဲ့α€žα€Š်။ ထထူးα€žα€–ြင့် α€œူα€„α€š်ဓမ္မထမှုတော်ဆောင်α€™ျားα€…ွာထံα€™ှ α€€ျွα€”်တော် α€€ြားα€›α€œေ့α€›ှိα€žောထကြောင်းထရာα€™ျားα€™ှာ α€€ျွα€”်တော်ကတနေ့α€€α€™္α€˜ာပါတ်ပြီးတရားα€Ÿောα€™ှာ၊ α€™ြα€”်α€™ာပြα€Š်α€™ှာ၊ ထာα€›ှα€™ှာ ထကြီးဆုံးα€‘α€žα€„်းတော်α€α€Š်ထောင်α€™ှာ ၊ α€˜ိα€žိα€€်ပြα€Š့်တဲ့ Praise and Worship Leader တစ်α€šောα€€်α€–ြα€…်α€–ို့ α€˜ုα€›ားα€€ α€€ျွα€”်တော့α€€ို/ α€€ျα€”်α€™α€€ို α€›ူပါα€›ုံပေးထားα€α€š် α€…α€žα€Š့်

α€œေးα€…ားဂုဏ်α€šူα€–ွα€š် α€›ူပါα€›ုံα€™ျားα€€ိုα€€ြားα€žိα€›α€žα€Š်α€™ှာ ၎င်းတို့ ထတွα€€် ထထူးပင်ဂုဏ်α€šူဝမ်းα€™ြောα€€်α€™ိပါα€žα€Š်။

α€›ူပါα€›ုံ α€›ှိα€›α€”်ထရေးα€€ြီးပါα€žα€Š် ထိုα€”α€Š်းတူပင် α€€ောင်းα€™ွα€”်α€…ွာ

ပန်းဝင်α€›α€”် α€žာ၍ထရေးα€€ြီးပေα€žα€Š်။

α€‘α€˜α€š့်α€€ြောင့်ဆိုα€žော် ၃၀% α€žောဓမ္မထမှုတော်ဆောင်α€™ျား α€žာα€€ောင်းα€™ွα€”်α€…ွာပန်းဝင်α€€ြα€žα€Š်။

The way α€™ှပြုα€œုပ်ခဲ့α€žော α€…α€…်တမ်းထရ တစ်α€œα€ွင် α€žα€„်းထုပ်ဆရာ ၂၅၀ ပါး α€žာα€žα€”ာα€™ှ α€”ှုတ်ထွα€€်α€€ြα€žα€Š်။ (ထချို့ ထခြားα€œုပ်ငန်းတွင် α€α€”α€Š်းα€α€œα€™်းα€–ြင့် α€˜ုα€›ားထမှုတော်ဆောင်α€›α€”် α€˜ုα€›ားခေါ်ခြင်းခံα€›α€žူα€›ှိα€™ျားα€œα€Š်းα€›ှိα€žα€Š်)

August 25, 2018 တွင် α€‘α€žα€„်းα€žား ၁၀၀၀၀ α€€ျော် α€›ှိα€žော ထမေα€›ိα€€α€”်α€”ိုင်ငံ Inland Hill α€‘α€žα€„်းတော်​၏α€žα€„်းထုပ်ဆရာ Andrew Stoecklein (α€‘α€žα€€် ၃၁နှα€…်)α€€ိုα€š့်α€€ိုα€€ိုα€š် ထဆုံးα€…ီရင်α€žွားခဲ့α€α€š်။

α€…α€€်တင်α€˜ာ ၉, ၂၀၁၉ တွင် α€‘α€žα€„်းα€žား ၁၅၀၀၀ α€›ှိα€žα€Š့် Harvest Christian Fellowship α€‘α€žα€„်းတော် ​၏ Associate Pastor Jarrid Wilson (30 α€”ှα€…်) α€€ိုα€š့်α€€ိုα€€ိုα€š် ထဆုံးα€…ီရင်α€žွားခဲ့α€α€š်။

α€™ေα€œ ၇ α€›α€€် ၊ ၂၀၂၀ တွင် ထမေα€›ိα€€α€”်α€”ိုင်ငံ California ပြα€Š်α€”α€š် ၌ ထပါတ်စဉ် α€˜ုα€›ားα€€ျောင်းတက်α€žူ α€‘α€žα€„်းα€žား ၁၀၀၀၀ တက်α€›ောα€€်α€žα€Š့် Seacoast α€‘α€žα€„်းတော်​၏ Teaching Pastor Darrin Patrick (၅၀ α€”ှα€…်)α€€ိုα€š့်α€€ိုα€€ိုα€š် α€žေနတ်α€”ဲ့ပစ်ခတ်ထဆုံးα€…ီရင်α€žွားခဲ့α€žα€Š်။

α€œူα€žα€”်းပေါင်းα€™ျားα€…ွာα€€ို ဧဝံဂေα€œိဝေငှခဲ့α€žα€Š့် Jim Bakker ပင်α€œျှင် ပြα€Š့်တန်ဆာ ထမှုα€”ဲ့ ထောင်α€”α€”်းဆန်ခဲ့α€›α€α€š်။

ထို့α€€ြောင့် ထမှုတော်တွင် α€˜ာα€œုပ်α€™α€Š်ဆိုα€žα€Š့် α€€ြီးα€™ားα€žα€Š့် α€›ူပါα€›ုံ α€œိုထပ်α€žα€œို α€™α€Š်α€žို့α€”ေ့စဉ် α€žα€”့်α€›ှင်းα€žောဝိα€Šာဉ်တော် ​၏ α€œα€™်းပြα€™ှုα€€ိုခံα€šူ၍ α€žα€™္α€™ာတရား α€”ှင့်ထတူ α€˜ုα€›ားဝတ်၌α€‘α€žα€€်α€›ှင်α€€ာ α€€ောင်းα€™ွα€”်α€…ွာ α€‘α€žα€€်α€›ှင်ပြီး ပန်းဝင်ခြင်းα€žα€Š် ထမွα€”်α€™ြတ်ဆုံးα€žောထရာα€–ြα€…်α€žα€Š်။

ထိုα€žို့ ထမှုတော်၌ α€€ောင်းα€™ွα€”်α€…ွာ ပြီးα€…ီးα€”ိုင်α€›α€”် α€›ိုးα€žားα€–ြောင့်မတ်ခြင်း၊ ပေးထပ်α€žောထမှုတော် ၌ တာဝန်α€šူα€™ှုတာဝန်ခံα€™ှုα€›ှိခြင်း၊ α€˜ုα€›ားတရား၌α€™ွေ့α€œျှော်α€žောထပေါင်းα€‘α€žα€„်း α€”ှင့်ပေါင်းα€žα€„်းခြင်း α€”ှင့် α€žα€α€„်α€α€Š်းα€Ÿူα€žော ခရစ်တော်​၏ ခေါ်ခြင်းတရား ၌ ထာα€›ုံα€…ူးα€…ိုα€€်α€™ှုα€›ှိα€›α€”်α€œိုထပ်α€žα€Š်။

ထိုα€žို့ α€œုပ်ဆောင်ပါα€€ α€›ှင်ပေါα€œုα€€ဲ့α€žို့ ထစကောင်းပြီး ထဆုံးα€žα€်α€€ောင်းα€™ွα€”်α€žော α€˜ုα€›ားα€žα€α€„်​၏ α€žာဓု α€žα€…္α€…ာα€›ှိα€žော ထစေခံ α€„α€š်α€žားα€€ောင်း α€–ြα€…်α€œာα€™α€Š် α€–ြα€…်α€žα€Š်။

α€€ောင်း​α€…ွာ​α€žော တိုα€€်​α€œှα€”်​ခြင်း​α€€ို ငါ​ပြု​ပြီ။ ပြေး​α€›​α€žော​α€œα€™်း​α€€ို ထ​ဆုံး​တိုင်​ထောင်​ပြေး​ပြီ။ α€šုံ​α€€ြα€Š် ခြင်း​တ​α€›ား​α€€ို α€…ောင့်​α€›ှောα€€်​ပြီ။-”

တိα€™ောα€žေ ဩဝါα€’α€…ာ α€’ုတိα€šα€…ောင်။ 4:7 JBMLE

πŸš©α€”ိဂုံး

αα‰α†αˆ α€™α€€်α€…ီα€€ို α€”ိုင်ငံတွင် ပြုα€œုပ်ခဲ့α€žα€Š့် ထိုα€œံပစ်α€™ာα€›α€žွα€”်ပြိုင်ပွဲတွင် Stephen Akhwari α€žα€Š် Tanzania πŸ‡ΉπŸ‡Ώα€”ိုင်ငံα€€ို α€€ိုα€š်α€…ားပြုပြီးပြိုင်ပွဲဝင်ခဲ့α€žα€Š်။ ပြိုင်ပွဲ​၏ တဝက်တွင် α€žူဒဏ်α€›ာထပြင်းထထန် α€›α€›ှိခဲ့α€žα€Š်။ α€žို့α€žော်α€žူ ထရှုံးမပေးခဲ့ပဲ။ ဒဏ်α€›ာα€›α€œα€„့်α€€α€…ား α€α€œှα€™်းခြင်းα€€ြိုးα€…ားပြီး ဆက်ပြေးခဲ့α€žα€Š်။ ပြိုင်ပွဲ ချα€”်ပီα€šံ ပန်းဝင်ထပြီး ထောင်ပွဲα€™ျားခံα€€ာ ပရိတ်α€žα€်α€™ျားα€…ွာပင် α€€ွင်းထဲα€™ှထွα€€်α€žွားα€žα€Š့်တိုင်α€žူဆက်ပြေးα€”ေခဲ့α€žα€Š်။ α€™ာα€›α€žွα€”်ပြိုင်ပွဲ​၏ ပထမဆုα€›α€žူ ပန်းဝင်ထပီး ၁ α€”ာα€›ီα€€ျော်α€™ှ α€žူပန်းဝင်α€”ိုင်ခဲ့α€žα€Š်။

ပွဲထပီးတွင် α€žα€α€„်းထောα€€်α€™ျားα€™ှ α€‘α€˜α€š်α€€ြောင့် ဒဏ်α€›ာα€œα€Š်းα€› ဆုα€™α€›α€™α€Š်α€™ှာα€œα€Š်း α€žေချာα€žα€Š့် တိုင်α€˜ာα€€ြောင့်ဆက်ပြေးခဲ့α€žα€”α€Š်းα€Ÿုα€™ေးခဲ့α€›ာ Stephen α€™ှ "ထမိα€”ိုင်ငံα€™ှ ပန်းဝင် ထောင်ပြေးα€›α€”်α€…ေα€œွှတ်ခဲ့ခြင်းα€€ြောင့် ဒဏ်α€›ာα€›α€žα€Š့်α€€ြားα€™ှ ပန်းဝင်ထောင် ပြေးခဲ့ခြင်းα€–ြα€…်α€žα€Š်" α€Ÿုα€›ိုးα€›ှင်းα€…ွာပြα€”်α€œα€Š်α€–ြေα€€ြားခဲ့α€žα€Š်။

ထိုα€”α€Š်းα€žူပင် α€€ျွα€”်ုပ်တို့α€žα€Š် ထမှုတော်၌ α€˜α€α€’α€်α€›ာ၊ α€…ိတ်ဒဏ်α€›ာ၊ α€œုပ်α€–ော်α€€ိုင်α€–α€€်α€™ျား​၏ α€žα€…္α€…ာα€–ောα€€်ခြင်း၊ ငွေα€€ြေးခက်ခဲα€€ြုံတွေ့ရခြင်း၊ α€€ျα€”်းα€™ာα€›ေးချို့တဲ့ခြင်း၊ α€…α€žα€Š့်α€…α€žα€Š့် ဒဏ်α€›ာα€™ျားα€›α€…ေα€€ာα€™ူ ပန်းဝင်ထောင်ပြေးα€›α€™α€Š့်တာဝန်α€™ှာ α€€ျွα€”်ုပ်တို့ ​၏ ထန္တိα€™ တာဝန်ဝတ္တရားα€–ြα€…်α€žα€Š်။

ထ​α€›ှင်​α€€​α€œα€Š်၊ α€žာ​ဓု၊ α€ž​α€…္α€…ာ​α€›ှိ​α€žော α€„α€š်​α€žား​α€€ောင်း၊ α€žα€„်​α€žα€Š် ထ​α€™ှု​α€„α€š်၌ α€ž​α€…္α€…ာ​α€…ောင့်​α€œေ​ပြီ။ " 25:21 JBMLE

ထရောα€€်α€…ီတိုင်း ထမှုတော်၌α€žα€…္α€…ာα€›ှိα€…ွာ α€œုပ်ဆောင်ပြီး α€€ောင်းα€™ွα€”်α€…ွာ ပန်းဝင် ထဆုံးα€žα€်α€€ြပါα€…ို့။

α€™ေတ္တာα€–ြင့်

πŸ“Kham Khai

πŸ“šα€€ိုးα€€ား

πŸ“šRev.Dr. Koe SM, International Leadership Institute National Conference, Finishing Well, OCT 3,2020.

πŸ“šChristina Maxouris and Amanda Watts, CNN, Mega Church Pastor who was known for his work in mental health advocacy kill himself. September 11,2019.

πŸ“šLos Angels Times, A Young Pastor Preached about depression, then killed by himself. His widow wants to helps others by talking about it. (Halley Branson-Potts, Dec, 23, 2018)

πŸ“šBob Smietana, and Alejandra Molina, Religions News Service, Death of Megachurch Pastor Darrin Patrick officially ruled a suicide, July,2, 2020.

πŸ“šFacts and Trends, Three implication of our New Research in Pastors, Mark Dance September 3, 2015.

#The_Shine

(Let My People Know)

πŸ—£Like, Follow and Share

 

Comments

Popular posts from this blog

ခရစ်α€šာα€”်α€žα€™ိုင်းα€™ှ α€‘α€žုံးပြုခဲ့တဲ့ ငါးα€žα€„်္α€€ေတ

πŸ—ž️ထပိုင်း(၃)။ α€˜ာα€€ြောင့် Apocrypha α€Ÿူα€žα€Š့် α€€ျα€™်းα€•α€š်α€™ျားα€€ို Protestant α€™ျားα€€ ထုတ်α€•α€š်α€œα€€်မခံα€€ြ α€žα€”α€Š်း။πŸ—ž️

α€€ျα€™်းα€•α€š်ဆိုတာα€˜ာα€œဲ။ (ထပိုင်း (၁)) // What is the APOCRYPHA?