Posts

Showing posts from October, 2020

ခရစ်ယာန်သမိုင်းမှ အသုံးပြုခဲ့တဲ့ ငါးသင်္ကေတ

Image
ခရစ်ယာန်သမိုင်းမှ အသုံးပြုခဲ့တဲ့ ငါးသင်္ကေတ +================================+ - ခရစ်ယာန်လို့ ပြောလိုက်ရင် အများစု ပြေးမြင် တဲ့သင်္ကေတက လက်ဝါးကားတိုင်း( Cross) ပင် ဖြစ်ပါတယ်။ မှန်ပါတယ် လက်ရှိကမ္ဘာမှာလည်း  လက်ဝါးကားတိုင်း( Cross) ကို ခရစ်ယာန်တွေရဲ့  ကိုယ်စားပြုတဲ့ သင်္ကေတအဖြစ် အသုံးပြုကြပါ တယ်။ဒါပေမယ့် ရှေးကနေဦးခရစ်ယာန်များက  လက်ဝါးကားတိုင်ကို ယုံကြည်ခြင်းသင်္ကေတအ  ဖြစ် အသုံးမပြုခဲ့ကြပါဘူး။ (၂)ရာစုလောက်မှာ  လက်ဝါးကားတိုင်နဲ့ ပတ်သက်မှုကိုအနည်းငယ် မျှသာ တွေ့ရပါတယ်။ အေဒီ (၃၁၃) ဖေဖော်ဝါရီ လ မှာတော့ ရောမအင်ပါယာကြီးကို အုပ်ချုပ်ခဲ့သူ ( Constantine I ) ရဲ့ ခရစ်ယာန်ယုံကြည်မှုကို  တရားဝင်ဘာသာအဖြစ် သတ်မှတ် သဘောတူ စာချုပ်( The Edict of Milan) ရေးထိုးပြီးနောက် ပိုင်းမှ လက်ဝါးကားတိုင်းကို သင်္ကေတအဖြစ် ကျယ်ပြန့်စွာ အသုံးပြုလာခဲ့ကြပါတယ်။ (၄) ရာစုမှာတော့ ခရစ်ယာန်ဘာသာရဲ့ ကိုယ်စားပြု သင်္ကေတအဖြစ် လက်ဝါးကားတိုင် ( Cross) ကို  ကမ္ဘာတဝှမ်း အသုံးပြုခဲ့ကြပြီး ယနေ့ အချိန်ထိ ဆက်လက် အသုံးပြုနေကြပါတယ်။ - ရှေးက‌နဦး ခရစ်ယာန်ခေတ်မှာ လက်ဝါးကားတိုင်း( Cross) ကို အင်မတန် ထိတ်လန့်စက်ဆုပ်ဖွယ်ကောင်းတဲ့ အပြစ်‌ပေးသေဒဏ

𝗙𝗶𝗻𝗶𝘀𝗵𝗶𝗻𝗴 𝗪𝗲𝗹𝗹 (𝗜𝗻 𝗠𝗶𝗻𝗶𝘀𝘁𝗿𝘆)

Image
  𝗙𝗶𝗻𝗶𝘀𝗵𝗶𝗻𝗴 𝗪𝗲𝗹𝗹 ( 𝗜𝗻 𝗠𝗶𝗻𝗶𝘀𝘁𝗿𝘆 ) ခရစ်ယာန်အသက်တာ ခရစ်ယာန်သာသနာဆိုတာ အသက်ရှင်သရွေ့ အဆုံးမဲ့ လျှောက်လှမ်းရမည့် လမ်းခရီးတစ်ခုဖြစ်သည်။ ခရစ်ယာန်သာသနာတွင် ခရစ်တော်​၏ တပည့်တော်နှင့် တမန်တော်များ ကဲ့သို့ အစပြုကောင်းခဲ့ပြီး အခက်အခဲ၊ ညှင်းပန်းနှိပ်စက်ခြင်း၊ အသေသတ်ခြင်း ခံရသည့်တိုင် အဆုံးတိုင်အောင် သစ္စာရှိစွာ ပန်းဝင်သူများရှိသကဲ့သို့ အစပြုကောင်းခဲ့ပြီး အဆုံးတိုင်အောင်မတည်ကြည် နိုင်သည့် ယုံကြည်သူ နှင့် အမှုတော်ဆောင်များစွာရှိသည်ကို သမ္မာကျမ်းစာ၌၎င်း ကျွနှုပ်တို့ ပတ်ဝန်းကျင်၌၎င်းတွေ့ရှိရမည်ဖြစ်သည်။ ဥပမာအားဖြင့် ရှောလမုန်မင်းကြီး​၏ ဘဝအစသည် ဘုရားသခင်ကိုကိုးစားခြင်း၊ ကြောက်ရွံ့ခြင်းဖြင့်အစပြုခဲ့သည်။ (၃ ဓမ္မ ၃:၃) သို့သော်လည်း ဝမ်းနည်းစွာပင် အဆုံး၌ ထာဝရဘုရား ကိုပင် စွန့်ခွါသွားကာ အခြားဘုရားများအားကိုးကွယ်ပြီး ယုတ်ညံ့စွာဘဝအဆုံးသတ်သွားခဲ့သည်။ (၃ဓမ္မ ၁၁:၄-၆) ယုံကြည်သူဓမ္မအမှုတော်ဆောင်များ အနေဖြင့် ဘုရားသခင့်ထံမှလာသော ကြီးမားသော ရူပါရုံ ( Mega Church များ တည်ထောင်ခြင်း၊ အသင်းတော် ရာပေါင်းများစွာ ထူထောင်ခြင်း၊ တပည့်တော်များစွာမွေးထုတ်ခြင်း) နှင့်စသည့်ရူပါရုံများရှိရ

Introduction to Expository Sermon

Image
  Introduction to Expository Sermon ========================== Homiletics တရားဟောခြင်းအနုပညာတွင် အခြေခံအားဖြင့် ၁။ Topical Sermon ခေါင်းစဉ်ကို အခြေပြု၍တရားဟောကြားခြင်း ဥပမာ။ ။ ခေါင်းစဉ်။ ။ ဘုရားသသခင်ကို သိကျွမ်းခြင်း။ ၁။ ဘုရားသခင်ကိုသိကျွမ်းခြင်းဖြင့် ကယ်တင်ခြင်း နှင့် စပ်ဆိုင်သော ဉာဏ်ပညာ ကိုရရှိစေ (၂ တိ ၃:၁၅) ၂။ ဘုရားသခင်ကိုသိကျွမ်းခြင်းဖြင့် သန့်ရှင်းသော အသက်တာ၌ အသက်ရှင်စေ ( ဆာလံ ၁၁၉: ၁၁) ၃။ ဘုရားသခင်ကိုသိကျွမ်းခြင်းဖြင့် ဝိညာဉ်ရေးရာ တိုးတက်စေ ( ၁ ပေ ၂:၂) ၄။ ဘုရားသခင်ကိုသိကျွမ်းခြင်းဖြင့် အောင်မြင်သော အသက်တာ၌ အသက်ရှင်စေ (ယောရှု ၁:၇-၈) ၂။ Textual Sermon - ကျမ်းပိုဒ် ၂-၃ ပိုဒ်သာရွေးချယ်ပြီး ထိုကျမ်းပိုဒ်ရှိ မူရင်းဝေါဟာရ​၏ စကားလုံးတခုစီ နှင့် စာစုကို သဒ္ဒါ ကျကျ ၊ နှိုက်နှိုက်ချွတ်ချွတ် ပညာ ရှင်ဆန်ဆန် အသေးစိတ် အထူးပြု ရှင်းလင်းဟောကြားခြင်း။ (အဟောအနည်းဆုံး တရားဟောနည်းဖြစ်သည်) ဥပမာ။ ။ ကျမ်းချက်။ ။ ဆာလံ ၁:၁-၂ ခေါင်းစဉ်။ ။ ကောင်းကြီး ရှိသော အသက်တာ ၁။ မတရားသူကို ရှောင်ကြည်သူ (ဆာလံ ၁:၁) ၂။ တရားတော် ၌ မွေ့လျော်သူ (ဆာလံ ၁:၂) ၃။ Expository Sermon