ခရစ်ယာန်သမိုင်းမှ အသုံးပြုခဲ့တဲ့ ငါးသင်္ကေတ
ခရစ်ယာန်သမိုင်းမှ အသုံးပြုခဲ့တဲ့ ငါးသင်္ကေတ +================================+ - ခရစ်ယာန်လို့ ပြောလိုက်ရင် အများစု ပြေးမြင် တဲ့သင်္ကေတက လက်ဝါးကားတိုင်း( Cross) ပင် ဖြစ်ပါတယ်။ မှန်ပါတယ် လက်ရှိကမ္ဘာမှာလည်း လက်ဝါးကားတိုင်း( Cross) ကို ခရစ်ယာန်တွေရဲ့ ကိုယ်စားပြုတဲ့ သင်္ကေတအဖြစ် အသုံးပြုကြပါ တယ်။ဒါပေမယ့် ရှေးကနေဦးခရစ်ယာန်များက လက်ဝါးကားတိုင်ကို ယုံကြည်ခြင်းသင်္ကေတအ ဖြစ် အသုံးမပြုခဲ့ကြပါဘူး။ (၂)ရာစုလောက်မှာ လက်ဝါးကားတိုင်နဲ့ ပတ်သက်မှုကိုအနည်းငယ် မျှသာ တွေ့ရပါတယ်။ အေဒီ (၃၁၃) ဖေဖော်ဝါရီ လ မှာတော့ ရောမအင်ပါယာကြီးကို အုပ်ချုပ်ခဲ့သူ ( Constantine I ) ရဲ့ ခရစ်ယာန်ယုံကြည်မှုကို တရားဝင်ဘာသာအဖြစ် သတ်မှတ် သဘောတူ စာချုပ်( The Edict of Milan) ရေးထိုးပြီးနောက် ပိုင်းမှ လက်ဝါးကားတိုင်းကို သင်္ကေတအဖြစ် ကျယ်ပြန့်စွာ အသုံးပြုလာခဲ့ကြပါတယ်။ (၄) ရာစုမှာတော့ ခရစ်ယာန်ဘာသာရဲ့ ကိုယ်စားပြု သင်္ကေတအဖြစ် လက်ဝါးကားတိုင် ( Cross) ကို ကမ္ဘာတဝှမ်း အသုံးပြုခဲ့ကြပြီး ယနေ့ အချိန်ထိ ဆက်လက် အသုံးပြုနေကြပါတယ်။ - ရှေးကနဦး ခရစ်ယာန်ခေတ်မှာ လက်ဝါးကားတိုင်း( Cross) ကို အင်မတန် ထိတ်လန့်စက်ဆုပ်ဖွယ်ကောင်းတဲ့ အပြစ်ပေးသေဒဏ